မိုးမခ - ထူးအိမ်သင် ဝေးသွားတဲ့အခါ ၂၀၁၄ ပုသိမ်ပွဲ

မိုးမခ - ထူးအိမ်သင် ဝေးသွားတဲ့အခါ ၂၀၁၄ ပုသိမ်ပွဲ
သြဂုတ် ၁၈၊ ၂၀၁၄
 

Design by Antt Bwere Zin

ထူးအိမ်သင် ကွယ်လွန်ခြင်း (၁၀) နှစ်ပြည့် (သြဂုတ် ၁၄၊ ၂၀၁၄) အထိမ်းအမှတ် အဖြစ် သြဂုတ် ၁၆၊ ၂၀၁၄ ဇာတိ ပုသိမ်မြို့၊ ပုသိမ်ဟိုတယ် တွင် မြို့ခံ ငယ်သူငယ်ချင်းများ၊ ရန်ကုန် မှ မိတ်ဆွေ အပေါင်းအသင်းများ၊ ဂီတလောကသားများ၊ ဝါသနာရှင် ပရိသတ်များ က အမှတ်တရ ဂီတပွဲလေးတခု ပြုလုပ်ခဲ့သည်။

ထိုပွဲ၌ ထူးအိမ်သင် နှင့် “ဝေးသွားတဲ့အခါ”၊ “ကာရံမညီသော”၊ “ပထမဆုံးနေ့”၊ “သူငယ်ချင်းတဖြစ်လဲ” (ကိုင်ဇာ့ သီချင်းများ ပြန်ဆို) အစရှိသည့် သီချင်းများ လိုက်ဖက်စွာ စုံတွဲ သီဆိုခဲ့ဖူးသည့် သူငယ်ချင်း ပေါက်ပေါက် အမှတ်တရ ပြန်လည် သီဆိုသည့် “နာရီပေါ်မှမျက်ရည်စက်များ” ရုပ်သံ နှင့် ထူးအိမ်သင် ၏ ဂီတ သူငယ်ချင်းလည်းဖြစ်၊ “လာခဲ့တော့”၊ “တစုံတရာ” အစရှိသည့် သီချင်းများကို စုံတွဲ သီဆိုခဲ့ဖူးသူလည်း ဖြစ်၊ ခေတ်ပြိုင် စတီရီယို အဆိုကျော်လည်း ဖြစ်သူ ကော်နီ @ Connie Tun အမှတ်တရ ဂုဏ်ပြု  သီဆိုသည့် “ချစ်တယ်ဟေ့” ရုပ်သံ နှစ်ခုကို မိုးမခ ပရိသတ် အတွက် တင်ဆက်လိုက်ပါသည်။

ဤ ရုပ်သံများကို ပုသိမ်ပွဲတွင် ကိုယ်တိုင် တက်ရောက် အပျော်တမ်း အမှတ်တရ မှတ်တမ်းတင် ရိုက်ကူးခဲ့သည့် ကိုနိုင်ကျော် + မဝင်းပပကို ဇနီးမောင်နှံ့ (Htoo Eain Thin Fan Club) ကို မိုးမခက ကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းပြုပါသည်။

ဤ  ရုပ်သံ ကို အခကြေးငွေ ဖြင့် ပြန်လည် ဖြန့်ဝေခြင်း မပြုရန်လည်း အလေးအနက် သတိပေးပါသည်။  ထူးအိမ်သင် အလွမ်းပြေ အမှတ်တရ တင်ဆက်ခြင်း သာ ဖြစ်ပါသည်။  စီးပွားဖြစ် အသုံးချရန် မဟုတ်ပေ။

♬ ♪ ♩ ♭ ♫ ∮…
နာရီသံတွေ.. ဆူညံလွန်းနေ.. ရင်ခုန်သံတွေ.. မြန်တယ်.. အချစ်ရေ..
ငိုချင်ပါတယ်.. မျှော်လင့်ခြင်းတွေ.. တို့တတွေ.. ဒီ.. အချိန်ဟာ.. နောက်ဆုံးလား..

နှုတ်ဆက်လိုက်ဖို့.. အားတင်းထားရင်း.. ပါးပြင်ပေါ်မှာ.. မျက်ရည်တွေဟာ..
အချိန်.. နာရီတွေ.. ပေါ်ကို.. ကျော်လွန်.. ရေလို.. ဖြတ်ပြီး.. စီးဆင်းနေဆဲ.. ချစ်သူရေ..
(နှလုံးသားထဲ.. ဆွေး...)

ကြင်နာတာတွေ.. ပြန်လည်တွေးနေ.. နာကျင်ပါတယ်.. ကိုယ့်.. အသည်းတွေ..
ယုံကြည်ချင်တယ်.. ကံတရားရေ.. ပြန်ဆုံနိုင်မယ်.. ထင်သေးလား..

ငိုရင်.. ပုလဲ.. ရယ်ရင်.. ရွဲ.. အရာရာ.. အားလုံး.. ပြည့်စုံတယ်.. အချစ်နဲ့..
အခြေအနေမဲ့.. ရွှေငွေမဲ့.. အရာရာ.. အားလုံး.. ရှုံးနေတဲ့..
တို့.. နှစ်ယောက်ရဲ့.. ဘ၀..
ဒါဟာ.. နောက်ဆုံးပဲ.. အချစ်ကလေးရယ်..
ဒါဟာ.. နောက်ဆုံးပဲ..

ဟန်ဆောင်နေတာ.. လိမ်ညာခြင်းလေ.. ပိုင်ဆိုင်ချင်တာ.. ၀န်ခံပါရစေ..
မဆုံနိုင်တာ..ဘာကြောင့်လဲ.. မေ.. တို့တွေ.. ဒီ.. နေရာမှာ.. နောက်ဆုံးလား..

တကယ်.. ကြင်နာ.. မြတ်နိုးနေ.. မပန်ခင်မှာ.. မခြွေရက်ဘူးလေ..
တချိန်ချိန်ကို.. ကိုယ်.. မျှော်လင့်နေ.. ပြန်ဆုံနိုင်မယ်.. ထင်သေးလား..

ငိုရင်.. ပုလဲ.. ရယ်ရင်.. ရွဲ.. အရာရာ.. အားလုံး.. ပြည့်စုံတယ်.. အချစ်နဲ့..
အခြေအနေမဲ့.. ရွှေငွေမဲ့.. အရာရာ.. အားလုံး.. ရှုံးနေတဲ့..
တို့.. နှစ်ယောက်ရဲ့.. ဘ၀..
ဒါဟာ.. နောက်ဆုံးပဲ.. အချစ်ကလေးရယ်..
ဒါဟာ.. နောက်ဆုံး… …. … အဝေး

♫ ♪ ♫ ♪…

နာရီပေါ်မှမျက်ရည်စက်များ၊ သံစဉ်/စာသား - ထူးအိမ်သင်၊ တေးဆို - ပေါက်ပေါက် 2014 Live
Pauk Pauk YouTube Music Video URL: http://youtu.be/V-eRd9AsoTE


♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪


ချစ်တယ်ဟေ့၊ သံစဉ်/စာသား - ထူးအိမ်သင်၊ တေးဆို - ကော်နီ 2014 Live
Connie Tun YouTube Music Video URL:: http://youtu.be/S_TaZzWEDPI

♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪



မိုးမခ က တင်ဆက်ပြီး ထူးအိမ်သင် အမှတ်တရ အစီအစဉ်များ


၁) ထူးအိမ်သင် သို့ လွမ်းခြင်းအားဖြင့်
Read @ http://moemaka.blogspot.com.au/2013/08/moemaka-remembers-htoo-eain-thin.html

၂) ထူးအိမ်သင် ဂီတ ပွဲတော်
Read @ http://moemaka.com/archives/39237http://www.moemaka.blogspot.com.au/2014/08/blog-post_56.html

၃) ထူးအိမ်သင် သို့ ချစ်ခြင်းအားဖြင့်
Read @ http://moemaka.com/archives/39239http://www.moemaka.blogspot.com.au/2014/08/blog-post_59.html

၎) ထူးအိမ်သင် နှင့် မြို့မ
Read @ http://moemaka.com/archives/39283http://www.moemaka.blogspot.com.au/

၅) ထူးအိမ်သင် ၏ သိင်္ဂါရရွာ
Read @
http://moemaka.com/archives/39357
http://www.moemaka.blogspot.com.au/2014/08/blog-post_285.html