မိုးမခ - ထူးအိမ်သင်သို့ ချစ်ခြင်းအားဖြင့်


မိုးမခ - ထူးအိမ်သင်သို့ ချစ်ခြင်းအားဖြင့်
သြဂုတ် ၁၀၊ ၂၀၁
 

ပန်းချီ - သန်းဌေးမောင်

လာမယ့် သြဂုတ် (၁၄) ရက်မှာ ကွယ်လွန်ခြင်း (၁၀) နှစ်ပြည့်မယ့် ဂီတပညာရှင် ထူးအိမ်သင် ကို သတိရ လွမ်းဆွတ် အောက်မေ့ ဂုဏ်ပြုတဲ့ အထိမ်းအမှတ် မိုးမခ အစီအစဉ် (၂) အနေနဲ့ မြဝတီ ရုပ်မြင်သံကြား၊ ရှင်သန်နေသော သီချင်းများ ကဏ္ဍ တွင် ထုတ်လွှင့်ခဲ့သည့် ကွယ်လွန်ခြင်း (၅) နှစ်ပြည့် အမှတ်တရ အစီအစဉ် (၂၀၀၉) အပြည့်အစုံ ကို တစုတစည်းတည်း မိုမခ ပရိသတ် ထူးအိမ်သင်ချစ်သူများ အတွက် ပြန်လည် တင်ဆက်လိုက်ပါတယ်။

ဂီတပညာရှင် ထူးအိမ်သင်ကို အမှတ်တရ  ဂုဏ်ပြုလိုခြင်း သက်သက်သာ ဖြစ်ပါတယ်။  မူပိုင်ခွင့် ချိုးဖောက်လိုစိတ် ရိုးသားစွာ မရှိပါ။  မူပိုင်ခွင့် ဟာ သီချင်းများ အတွက် ထူးအိမ်သင် မိသားစု၊ ရုပ်သံ အတွက် မြဝတီ နဲ့ အခြား စီစဉ်သူများ မှာ အပြည့်အဝ ရှိပါတယ်။  မိုးမခ က စီးပွားဖြစ် ပြန်လည် အသုံးပြု တင်ဆက်ခြင်း မဟုတ်ပါ။  ဒီ ရုပ်သံ များကို အခကြေးငွေ အလို့ငှာ ပြန်လည် ဖြန့်ဝေခြင်း မပြုရန်လည်း မိုးမခ က အလေးအနက် သတိပေး မေတ္တာရပ်ခံပါတယ်။

ဒီ ရုပ်သံ အစီအစဉ် မှာ မောင်သစ်မင်း၊ ညီညီသွင်၊ ရွှေဂျော်ဂျော်၊ ဆလိုင်းကျင်ခမ်းဖုန်း၊ မောင်ဇော်သစ် (နှင်းဆီလှိုင်း)၊ မြင့်မိုးအောင်၊ ဘိုဖြူ၊ မောင်ဒီမွန် (ကိုအောင်မျိုးဟိန်း/ထူးအိမ်သင် ညီ)၊ အယ်လ်လွန်းဝါ တို့က ထူးအိမ်သင် အမှတ်တရ များ ပြန်လည် ပြောဆိုထားကြပါတယ်။  ထူးအိမ်သင် သီချင်းများကိုလည်း ပုံစံ အသစ်နဲ့ ပြန်လည် ဆန်းသစ် ထားကြပါတယ်။  မနှစ်က ထူးအိမ်သင် အမှတ်တရ အစီအစဉ်မှာ အပိုင်း အချို့ကို တင်ဆက်ပြီး ဖြစ်ပါတယ်။  အခုက အပြည့်အစုံ ရုပ်သံ ကို တစုတစည်းတည်း မှတ်တမ်းပြုရင်း၊ လွမ်းဆွတ်ရင်း တင်ဆက်ခြင်းပါ။  ထူးအိမ်သင်ကို ချစ်ခြင်းအားဖြင့် ပေါ့။


ထူးအိမ်သင် သို့ ချစ်ခြင်းအားဖြင့် အပိုင်း (၁) (Complete)
Part (I) YouTube URL: http://youtu.be/_TjmTxfuuoU


ထူးအိမ်သင် သို့ ချစ်ခြင်းအားဖြင့် အပိုင်း (၂) (Complete)
Part (II) YouTube URL: http://youtu.be/vbfPqv0J0NI
♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪


မနှစ်က တင်ဆက်ခဲ့သည့် ထူးအိမ်သင် အမှတ်တရ အစီအစဉ်
ထူးအိမ်သင် သို့ လွမ်းခြင်းအားဖြင့်
http://moemaka.blogspot.com.au/2013/08/moemaka-remembers-htoo-eain-thin.html


မိုးမခ မှတ်ချက် - ခေါင်းစီး ပန်းချီ ဓာတ်ပုံ အတွက် ပန်းချီ သန်းဌေးမောင် အား ကျေးဇူး အထူးတင် ရှိကြောင်း မှတ်တမ်းပြုပါသည်။  ထူးအိမ်သင် ချစ်ခြင်းအားဖြင့် မြဝတီ ရုပ်သံ အစီအစဉ်များကို တကူးတက ပို့ပေး ကူညီ ကျေးဇူးပြုခဲ့သည့် ကိုပြည့်စုံ (ဒီဗွီဘီ) ကိုလည်း အထူး ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ပါသည်။